Sponsor

LightBlog

Breaking

Tuesday, May 19, 2020

Selection of Cable Trunking

Metal Trunking တစ်ချောင်းသည် 2.44m or 2440mm or 8ft အရှည် ရှိပါသည် ။

အသုံးများသော Size များမှာ
📏 50mm x 50mm
📏 75mm x 50mm
📏 100mm x 50mm
📏 75mm x 75mm
📏 100mm x 75mm
📏 100mm x 100mm
📏 150mm x 100mm, .....

တချို့ နိုင်ငံများတွင် 75 x 25 , 75 x 37.5 စတဲ့ trunking size များလည်း အသုံးပြုကြပါတယ်

Trunking size ရွေးချယ်ရာတွင်

🎯Area ရှာ ပီး calculation လုပ်ခြင်း နှင့်
🎯cable factor , trunking factor တို့ကို table ကြည့်ပီး calculation လုပ်ခြင်း ဆိုပီး နှစ်မျိုး ရှိတဲ့ ထဲ မှာ

Area ရှာပီး တွက်ချက် နည်းကို sharing လုပ်ချင်ပါတယ်

(ကားမောင်းသင်ရင်တောင် Auto ကား တွေ ဘယ်လောက်များများ manual နဲ့ ပဲ စ သင်ကြရတာမလား 😁 အဲ့တာကြောင့် မလွယ်တာလေး အရင်တွက်ပြတာပါ နော် )

Example : lighting ckt (2.5mm2) က 10 ckt ,
Power ckt (4mm2) က 8ckt
အဲ့ ကြိုး တွေ အတွက် cable trunking size ရွေးချယ်ပါမယ်

Area of Cable
============

🌟Area မရှာခင် ပြောပြချင်တာ တစ်ခု က
1.5 , 2.5 , 4,6,10 mm2 ဆိုတာက conductor (copper ) ရဲ့ Area ပါ
Insulation အတွက်  မပါပါဘူး
အဲ့တာကြောင့် insu အပါ area ကို ထပ်ရှာပေးရတာပါ 🌟

🎯Area of 2.5 = π/4 (d)2 = 3.142 x 3.7 x 3.7 / 4
 = 10.75 mm2
( 3.7 mm သည် ကြိုး ၏ dia(insuအပါ ) ဖြစ်ပါသည် ။ မိမိဝယ်ယူသည့် cable ၏ Catalogue တွင် ကြည့်နိုင်ပါသည်။ )

Total Area of 2.5 = 30 x 10.75 = 322.5 mm2
(1ckt တွင် ကြိုး ၃ ချောင်း , 10 ckt တွင် ကြိုး ၃၀ )

🎯Area of 4  = π/4 (d)2 = 3.142 x 4.3 x 4.3 / 4
 = 14.52 mm2
( 4.3 mm သည် ကြိုး ၏ dia(insuအပါ ) ဖြစ်ပါသည် ။ မိမိဝယ်ယူသည့် cable ၏ Catalogue တွင် ကြည့်နိုင်ပါသည်။ )

Total Area of 4 = 24 x 14.52 =348.48 mm2
(1ckt တွင် ကြိုး 3 ချောင်း , 8 ckt တွင် ကြိုး 24)

ကြိုး ၏ စုစုပေါင်း area = 322.5 + 348.48 mm2 =670.98

Area Of metal trunking
===================
50 x 50 = 2500 mm2

% ရှာကြည့်ပါမယ်
Trunking area ရဲ့ 40 % ကို ပဲ ကြိုး ထည့်ပါမယ်
တချို့ company တွေကတော့ 60 % လောက်ထိ ထည့်ကြပါတယ်
အခုကတော့ 40% နဲ့ ပဲ တွက်ပါမယ်

( 670.98 / 2500 ) x 100
= 27 % ပဲ ရှိလို့ ckt အကုန် လုံး အတွက် 50 x 50 trunking ကို ရွေးချယ်လို့ရပါတယ်

NOTE
=======
Electrical Work အတွက် trunking အရောင်သည် လိမ္မော် ရောင်ဖြစ်ပါသည်။

လေ့ကျင့်ချင်သူများ အတွက် 2.5mm2 ckt 20 နဲ့
 4 mm2 16 ckt ကို ထည့်ဖို့အတွက် MT size ရွေးချယ်ပေး ပီး
အောက်က comment မှာ ရေး ခဲ့ ပေး လို့ ရပါတယ်
မှန် မမှန် reply လုပ်ပေးပါ့မယ် ရှင့် 😊☺

📖 မျိုးဆက်သစ်အင်ယာများ အဆင်ပြေကြပါစေ။ 📖
Crd-Htet Htet

https://www.facebook.com/profile.php?id=100008671923276

Photo from google

No comments:

Post a Comment