Sponsor

LightBlog

Breaking

Tuesday, May 19, 2020

Pump Size တွက်နည်း

(Freewill Engineering Training မှ သင်တန်းသူလေးတယောက်က Pump Size တွက်နည်းကို ကိုယ်တိုင် ရေးသားြပီး Sharing လုပ်ပေးထားတာ ခွင့်တောင်းြပီးြပန်ရှယ်ပေးပါရစေ)

Pump size တွက်ချင်ရင် အရင်ဆုံး flow rate ကို အရင်ရှာရမယ် flow rate သိဖို့ over head tank size သိဖို့လိုမယ် over head tank ထဲကို ဘယ်နှစ်မိနစ်နဲ့ ရေဖြည့်ချင်တာလဲသိဖို့လိုမယ် ဒါကြောင့် ကိုယ့်တွက်မယ့် ဆ/ဦ ရဲ့ ground tank size ကိုအရင်ရှာမယ်
e.g 2U 4 S အတွက်ဆို 1unit မှာ လူ (၅) ယောက်နေမယ် လူတစ်ယောက်က တစ်နေ့ကို gal 40 သုံးမယ်
2U4S ဆိုတော့ အားလုံး (၈)ခန္းရှိမယ် GT size တွက်ချင်ရင် (၂)ရက်စာ ထားတွက်ရမယ်
2U4Sအတွက် တစ်နေ့တာရေလိုအပ်ချက်ပမာဏ= 8ခန်း* 5ယောက်* 40 Gal = 1600 gal /day ရမယ်
GT size က (၂) ရက်အတွက်ဆိုတော့ 1600 * 2= 3200 Gal ဖြစ်သွားမယ်
OH tank size က တစ်နေ့တာရေလိုအပ်ချက် ပမာဏရဲ့ 50% ပဲရှိရမယ်ဆိုတော့ = 1600 gal/2= 800 Gal OH tank size ရမယ်
OH tank size ရပြီဆို အဲ့ tank ထဲကို ဘယ်နှစ်မိနစ်နဲ့ ရေတင်ချင်တာလဲဆိုတဲ့ flow rate ကိုတွက်ရမယ်
e.g 800 Gal OH tank ကို 15 မိနစ်နဲ့ရေတင်ချင်ရင်
15 minute = 800 gal
1 minute   = ?
                    = 800* 1/15
   1. flow rate= 53.33 gal/min ရမယ်
2. head ရှာချင်ရင် ရေတင်ရမယ့် pump to OH tank ရဲ့ အမြင့်ပေကိုသိရမယ်
ရေတင်ရမယ့် အလျားလိုက် pipe length ကြောင့် ဆုံးရှုံးမယ့် friction losses တွေအားလုံးအပါတွက်ရမှာမို့ Head တန်ဖိုးက ဆ/ဦ ရဲ့အမြင့်ပေ ကို  losses အတွက် (40%) ထပ်ပေါင်းပေးလိုက်ရင် ရေတင်ရမယ့် head တန်ဖိုးရမယ်
head = 4ထပ်တစ်ထပ်ကို 10' ထားတွက်မယ်ဆိုတော့ 40' ရမယ် အဲ့ဒါကို (40%) ထပ်ပေါင်းတော့
total head = 56' ရတယ်
3. Ep = efficiency pump power ကို 60% ထားတွက်မယ်
4. Em = Efficiency motor power ကို 80% ထားတွက်မယ်
ဒီ4 ချက်သိပြီဆို pump size တွက်လို့ရပြီ
pump size = (flow rate *  Head)/(33000* Ep* Em)
flow rate ရဲ့ ယူနစ်က lb/min ဆိုတော့
ရေ 1gal  =10 Lb 
      53.33 gal=?
                         = (10* 53.33) lb/min ရမယ်
pump size = (53.33*10)* 56/33000* 0.6*0.8
                     = 1.88 Hp~ 2Hp ရမယ်
ဒီနည်းအတိုင်းပဲ အခြား ဆ/ဦ တွေရဲ့ pump size ကို ရှာနိုင်တယ်

မှတ်ချက် ဆရာသင်ထားတာကို နားလည်သလို ရေးထားတာပါ ဆရာလုပ်တာမဟုတ်ပါ မသိတဲ့သူများအတွက်ပါ

Credit :Ma Yu Yu Khaing
Freewill M&E Engineering Training(Naypyidaw)


No comments:

Post a Comment